ပြည်မြို့နှင့်ရပ်ဝေးမြေရောက်ပြည်သူပြည်သားများမှ Blog ရေးသားရန် ဝါသနာပါသူများနှင့် တစ်ခြားမည်သူမဆို ထိုရေးသားထားသော Blog များကိုဖတ်ရှုလေ့လာနိုင်ရန်အတွက်ရည်ရွယ်ပြီး Pyay Bloggers, www.pyaybloggers.org ကိုဖန်တီးခဲ့ပါသည်။ စာပေရသ၊ ကဗျာ၊ ပညာရေး၊ နည်းပညာ၊ စီးပွားရေး၊ လူမှုရေး စသည့် မိမိဝါသနာပါသည့် အရာများကို အများသူငါဖတ်ရှုနိုင်အောင် မိမိ၏ကိုယ်ပိုင် Blog အမည်ဖြင့် ရေးသားနိုင်ပါသည်။ သို့ရာတွင် နိုင်ငံရေးနှင့်ပတ်သက်သော Blog များနှင့် ညစ်ညမ်းသော Blog များရေးသားခွင့်မပြုပါ။ www.yourname.pyaybloggers.org အမည်ဖြင့် မိမိ၏ကိုယ်ပိုင် Blog တစ်ခုပိုင်ဆိုင်နိုင်ပါသည်။ ပထမတွင် Mandalay Bloggers ကဲ့သို့ Domain တစ်ခုဝယ်ယူပြီး Hosting အားလုံးကို Blogspot တွင်အခမဲ့ရယူမည်ဟုရည်ရွယ်ခဲ့သော်လည်း blogspot.com ကပြည်တွင်းတွင် ပိတ်ထားသဖြင့် Blog ပိုင်ရှင် Admin အားလုံးကကျော်ဝင်ပြီး Post များရေးရမည်ဖြစ်သဖြင့် အခက်အခဲရှိပါသည်။ ထို့ကြောင့် Web Hosting ပါဝယ်ယူပြီး Bloggers များအတွက် www.yourname.pyaybloggers.org အမည်ဖြင့် Sub-Domain တစ်ခု၊ Hosting တစ်ခုရရှိပြီး Blog ရေးသားရန် Site Software ဖြစ်သည့် Wordpress ကို Install လုပ်ပေးပါသည်။ Blogger တစ်ယောက်စီအတွက် မိမိ၏ Web Hosting မိမိကိုယ်တိုင် အသုံးချနိုင်ရန် FTP Account တစ်ခုစီဖန်တီးပေးပါသည်။ အကယ်၍လိုအပ်ပါက Wordpress Blog တွင် Post ရေးသားနည်းပါ အခမဲ့ ပြသပေးပါသည်။ ထို့အပြင် ပြည်တွင်းတွင် FTP Site ပါပိတ်ထားသဖြင့် Web မှ FTP သို့ Upload လုပ်နည်းပါပြသပေးပါသည်။ ပထမဦးပိုင်း Bloggers များအတွက် Gmail, Gtalk ကဲ့သို့အသုံးပြုနိုင်သော Pyay Bloggers Mail တစ်ခုပါပိုင်ဆိုင်နိုင်ပါသည်။ ဥပမာ....
သရေခေတ္တရာ၊ ပြည်မြို့ပြည်မြို့သည်ဧရာဝတီမြစ်အရှေ့ဘက်ကမ်းတွင် တည်ရှိပြီးပဲခူးတိုင်း၏ အနောက်မြောက်ဘက်အစွန်ဆုံး မြို့လည်းဖြစ်သည်။ ရန်ကုန်မြို့နှင့် ကားလမ်း (၁၇၉) မိုင်၊ မီးရထားလမ်း(၁၆၁) မိုင်ရှည်လျားပြီး ရန်ကုန်-ပြည်ကားလမ်းဆုံးမြို့လည်း ဖြစ်သည်။ ပြည်မြို့မှတဆင့် မကွေးတိုင်းကို ဖြတ်၍ ကျောက်ပန်းတောင်း၊ ပုဂံ စသောဒေသများသို့ လည်းကောင်၊ မန္တလေးမြို့သို့လည်းကောင်း၊ ဧရာဝတီမြစ်ကို ဖြတ်၍ ပန်းတောင်းမြို့များမှ တဆင့်ရခိုင်ပြည်နယ် သို့ လည်းကောင်း သွားရောက်နိုင်သဖြင့် လမ်းပန်းဆက်သွယ်ရေး အထူးကောင်းမွန်သော မြို့လည်းဖြစ်သည်။ ရေလမ်းအားဖြင့် ရန်ကုန်မှ ၂၆၃ မိုင်ကွာဝေး၍ လေကြောင်းလမ်း အဆက်အသွယ်လည်းရှိသည်။ မြန်မာ့သမိုင်းတွင် ထင်ရှားသောရှေးဟောင်း ပျူ မြို့တော် သရေခေတ္တရာမြို့ဟောင်းမှာ ပြည်မြို့ရှိမှော်ဇာ အရပ်တွင်တည်ရှိသည်။ ရှေးလက်ရာ ပျူယဉ်ကျေးမူ့များအား ယခုထက်တိုင်ပင် တွေ့ရှိနိုင်သေးသည်။
Pyay, ThayaykhittayaPyay is a town in the Pegu Division in Myanmar. Pyay is positioned on the Ayeyarwady River and is 260 km northwest of Yangon.The district of Pyay encompasses the valley of the Ayeyarwady, located between Thayetmyo, Hinthada and Tharrawaddy districts. Along the western side of Pyay District are the Rakhine Yoma mountain ranges, and along the eastern side are the Pegu Yoma mountain ranges. Pyay District's main towns are Pyay, Shwedaung, and Paungde. Pyay refers to the ruins of the Pyu capital of Thayaykhittaya, which is located 8 km to the southeast of modern Pyay and is in the village of Hmawa.
|